Happy Birthday, Pont Pont ✨
ဒီနေ့မှာ ကျရောက်တဲ့ မမ Pont Pont ရဲ့ မွေးနေ့မင်္ဂလာအခါသမယကနေ စတင်ပြီး မမရဲ့ ဘဝခရီးလမ်း တစ်လျှောက်လုံးမှာ လိုအင်ဆန္ဒမှန်သမျှ အကုန်လုံး ပြည့်စုံနိုင်ပါစေလို့ Tarbin ကနေ လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးလိုက်ပါတယ်။
မမရဲ့ ကျန်းမာရေး အတွက်လည်း ဘယ်သောအခါမှ မဖျားမနာဘဲ စိတ်ရောကိုယ်ပါ ကျန်းမာလန်းဆန်းပြီး အသက်ရာကျော်တိုင်အောင် ပျော်ရွှင်စွာ နေထိုင်နိုင်ပါစေ။
စီးပွားရေး လုပ်ငန်းဆောင်တာ အဝဝမှာလည်း အနှောက်အယှက် အခက်အခဲမှန်သမျှ ကင်းဝေးပြီး ဒီထက်မက အောင်မြင်မှုပေါင်းများစွာကို တစ်ဟုန်ထိုး ပိုင်ဆိုင်နိုင်ပါစေ။
လူမှုပတ်ဝန်းကျင် နယ်ပယ်မှာလည်း မမကို ချစ်ခင်မြတ်နိုးကြတဲ့ မိတ်ကောင်းဆွေကောင်းတွေနဲ့သာ အမြဲဆုံတွေ့ရပြီး မိသားစုနဲ့အတူ စိတ်အေးချမ်းသာစွာ ဖြတ်သန်းနိုင်ပါစေ။
မမ Pont Pont ရဲ့ နေ့ရက်တိုင်းဟာ အောင်မြင်မှုတွေ၊ ပျော်ရွှင်မှုတွေနဲ့သာ ပြည့်နှက်နေပါစေနော်။ မွေးနေ့မှာ အပျော်ရွှင်ဆုံး ဖြစ်ပါစေ မမ။ ❤️